ရွှေထိုးမြေ(Online)မိသားစုအဖွဲ့၏ တတိယအကြိမ်မြောက်အလှူတော်အား
နွားထိုးကြီးမြို့နယ် မင်းစုံတောင်တွင် တောင်အတက်အဆင်း၌ ရဟန်း၊ ရှင်၊ လူ၊
သတ္တဝါအများ အရိပ်ရ နားခိုနိုင်ရန် တန်ဆောင်း(၁၈)ခန်း
ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ ဆောက်လုပ်ပြီးစီးမှုအတွက်
ရေစက်သွန်းချလှူဒါန်းပွဲကို မင်းစုံတောင်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတွင် (22-11-2014)ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ပင့်သံဃာငါးပါးအား နေ့ဆွမ်း၊
ခဲဘွယ်တို့အား ကပ်လှူခြင်း၊ ဆရာတော်များမှ သီလပေးခြင်း၊ မေတ္တာသုတ်ရွတ်ဖတ်
ပူဇော်ကြခြင်း၊ ဇောင်းတန်းအလှူတော်အတွက်
အကျိုးကျေးဇူးတရားများ ဟောကြားခြင်း၊ ရွှေထိုးမြေအွန်လိုင်းမိသားစုအဖွဲ့၏
တတိယအကြိမ်အလူတော် အောင်မြင်ခြင်းအတွက် ရေစက်သွန်းချ အမျှဝေခြင်းများ
ပြုလုပ်ခဲ့ကြပါသည်။ အလှူပွဲအောင်မြင်ရေး အစစအပင်ပန်းခံကာ ဆရာဦးကျော်ကျော်(Bio ကျော်ကျော်)နှင့်
တပည့်ကျောင်းသားကျောင်းသူများမှ ၀ိုင်းဝန်းလုပ်ဆောင်ပေးခဲ့ကြသည်။ အလှူအောင်မြင်ခြင်း ရေစက်ချပွဲတွင် စကားဝါမိသားစုနှင့် သူငယ်ချင်းများမှ ဆွမ်းနှင့်ခဲဖွယ်များ ကပ်လှူပူဇော်ခဲ့ကြပါသည်။
(အလှူရှင်စားရင်းများ၊ စောင်းတန်းဆောက်လုပ်မှုနှင့် စာရိတ်အသီးသီးအတွက် ကုန်ကျငွေများအား ထပ်မံဖော်ပြပေးသွားပါမည်။)






























































