ရွှေထိုးမြေအွန်လိုင်းမိသားစု၏ ဒုတိယအကြိမ် အလှူတော်ကို နွားထိုးကြီးမြို့၊ အမှတ်(၅)ရပ်ကွက် ဓမ္မာရုံဝင်းအတွင်း ဝေဇယန္တာဓမ္မဘိမာန်တော်အား အပြီးသက်ပြီးစီးအောင် ဆောင်ရွက်မှုအတွက် ပါဝင်ဆောက်လုပ်လှူဒါန်းခဲ့ကြပါတယ်။ ကာလာသွပ်ပြားများမိုးခြင်း၊ အပြီးသက်လုပ်ငန်းများဆောင်ရွက်ခြင်းအတွက် ပါဝင်လှူဒါန်းခဲ့မှုအစုစုမှာ တန်ဖိုးငွေကျပ် ၁၇၅၀၀၀၀ိ/- ဖြစ်ပါသည်။ 
လှူဒါန်းပြီးစီးအောင်မြင်မှုအတွက် ရေစက်ချလှူဒါန်းပွဲကို ထိုဓမ္မာရုံသစ်ကြီးတွင် ကျင်းပခဲ့ပြီး၊ ထိုအောင်ပွဲအခမ်းအနားတွင် ကိုကျော်စိုး (သိန်းကျော်ကွမ်းယာဆိုင်)၊ အမှတ်(၅)ရပ်ကွက် မိသားစုမှ ဆွမ်းကပ်လှူပြီး ရေစက်ချ အမျှဝေ လှူဒါန်းခဲ့ပါသည်။
ထို့နောက် ဝေဇယန္တာဓမ္မာရုံသစ် အောင်မြင်စွာပြီးဆုံးကြောင်း အောင်ပွဲတရားပွဲကို လေးညတိုင်ကျင်းပခြင်း၊ တရားနာပရိတ်သက်များအား ဘုရားဆင်းတုတော်များ မဲဖောက်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ပြီး ဒုတိယအကြိမ် ရွှေထိုးမြေ(Online)မိသားစုအလှူတော် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။
(လှူဒါန်းမှုအစုစုအသေးစိတ်အား ထပ်မံဖော်ပြပေးသွားပါမည်)