"ရွှေထိုးမြေ(Online)မိသားစုအဖွဲ့၏အလှူနှင့်ငွေပဒေသာပင်စိုက်ထူခြင်း"
၁။ရည်ရွယ်ချက်
Onlineပေါ်တွင် ပြန်လည်ဆုံစည်းရင်းနှီးခွင့်ရခဲ့ကြတဲ့ ကျွန်တော်တို့နွားထိုးကြီးမြို့နယ်ဖွား နွားထိုးကြီးဇာတိသား/သူများအနေဖြင့် မိမိရပ်ရွာအတွက်အကျိုးပြု အလှူနှင့် ပရဟိတလုပ်ငန်းများ ဆောင်ရွက်ရန် ဆန္ဒကိုယ်စီဖြင့်စုစည်းကြမည့် အဖွဲ့ဖြစ်သဖြင့် ရွှေထိုးမြေ(Online)မိသားစု ဟုခေါ်ဝေါ်ကြပါမည်။ နွားထိုးကြီးမြို့နယ်အတွင်ရှိ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးစသော ကဏ္ဍများမှ ဖြည့်ဆည်းပေးရန် အမှန်တကယ်လိုအပ်နေသော ကွက်လပ်လေးများကို ဖြည့်ဆည်းပေးရန်အတွက် တစ်မြေတည်းနေ တစ်ရေတည်းသောက်ခဲ့ကြတဲ့ ကျွန်တော်တို့အဖွဲ့လေးက မိမိချွေးနည်းစာများမှ ဖဲ့ထုတ်လှူဒါန်းခြင်းဖြင့် မိမိမွေးရပ်မြေကို စောင့်ရှောက်ကူညီကြဖို့ရန် ရည်ရွယ်ပါသည်။
၂။အလှူပြုလုပ်ခြင်း
နွားထိုးကြီးမြို့နယ်အတွင်းရှိ မည်သည့်နေရာတွင်မဆို အထက်ရည်ရွယ်ချက်ပါ ကဏ္ဍများမှ လှူဒါန်းရန်သင့်တော်သော နေရာနှင့်အမျိုးအစားကို ရွေးချယ်စီစဉ်ကာ (၆လ)လျှင်တစ်ကြိမ် ဖြည့်ဆည်းလှူဒါန်းသွားကြပါမည်။ အကြမ်းအားဖြင့် ကဆုန်လပြည့်နေ့တွင်တစ်ကြိမ်နှင့် တန်ဆောင်မုန်းလပြည့်တွင်တစ်ကြိမ်ဟု သက်မှတ်ထားပါသည်။

၃။အဖွဲ့တွင်ပါဝင်လှူဒါန်းခြင်း
(က)လစဉ်ငွေထည့်ဝင်ခြင်း။ ။(၆)လလျှင် တစ်ကြိမ် အလှူပြုလုပ်မည်ဖြစ်ရာ အလှူပွဲဖြစ်မြောက်ရေးအတွက် မိမိချွေးနည်းစာများထဲမှ လစဉ်အလှူငွေများ ထည့်ဝင်ပေးကြခြင်းဖြစ်ပါသည်။ ဒီအဖွဲ့ရေရှည်ရပ်တည် ဆောင်ရွက်နိုင်ရန် အနယ်နယ်အရပ်ရပ်ရှိ ညီအကိုမောင်နှမများက (၃လ/၆လ)စာ တစ်ခါတည်း ပေးပို့လှူဒါန်းကြရပါမည်။ အများပါဝင်လှူဒါန်းကုသိုလ်ယူနိုင်ရန် ရည်ရွယ်ပါသည်။ အသင်းဝင်တိုင်းပေးဆောင်နိုင်မည့် ငွေပမာဏအား ညှိနှိုင်းသက်မှတ် ဆောင်ရွက်သွားကြပါမည်။
(ခ)ငွေပဒေသာပင်အဖြစ်မတည်ငွေထည့်ဝင်ခြင်း။ ။အဖွဲ့ထူထောင်ရန် စတင်တိုင်ပင်ခဲ့ကြစဉ်က အဖွဲ့ဝင်များမှ လစဉ်ပုံမှန် ငွေကြေးထည့်ဝင်ကြပြီး အလှူပြုလုပ်ရန်သာရည်ရွယ်ခဲ့သော်လည်း အဖွဲ့ရေရှည်ရပ်တည်နိုင်ရန်နှင့် အကျိုးပြုလုပ်ငန်းများ ချဲ့ထွင်ဆောင်ရွက်နိုင်ရန် ငွေပဒေသာပင်စိုက်ထူထားရန် လိုအပ်ပါသည်။ ထိုငွေပဒေသာပင်ဖြင့် ရပ်ရွာအတွက်အခြားသောပရဟိတလုပ်ငန်းများ ဆောင်ရွက်သွားပါမည်။
(ဂ)သီးခြားလှူဒါန်းခြင်း။ ။အလှူပြုလုပ်သည့်ကာလတွင်မှ အကြောင်းအားလျှော်စွာ သီးခြားထည့်ဝင်ကာ ပါဝင်လှူဒါန်းကြခြင်း။ ထိုငွေကို အလှူအတွက်ထည့်ဝင်အသုံးပြုပါမည်။
၎။ငွေသုံးစွဲပုံ
လစဉ်ထည့်ဝင်ငွေနှင့်သီးခြားထည့်ဝင်လှူဒါန်းကြသော ငွေနှစ်ရပ်မှ ၇၀%အား (၆လ)တစ်ကြိမ်ပြုလုပ်မည့်အလှူတွင် သုံးစွဲသွားမည်ဖြစ်ပါသည်။ ကျန်၃၀%အား မတည်ငွေတွင်ထည့်သွင်းပြီး အခြားပရဟိတလုပ်ငန်းများနှင့် ရပ်ရွာတိုးတတ်ရေးအတွက် ဆောင်ရွက်သွားပါမည်။

၅။ငွေလက်ခံခြင်းနှင့်စာရင်းပြုစုတင်ပြခြင်း
ငွေလက်ခံခြင်းတွင် အရပ်ဒေသကိုလိုက်ပြီး ငွေပေးပို့နိုင်ရန် ငွေလက်ခံကိုယ်စားလှယ်များခန့်ထားပေးပါမည်။ ငွေပေးပို့ခြင်း/လက်ခံရရှိခြင်းများအား သက်ဆိုင်ရာ ကိုယ်စားလှယ်များမှ ဂရုတွင်ဖော်ပြပေးသွားကြပါမည်။ ငွေပေးပိုရာတွင် ကာလသက်မှတ်ရက်များပြုလုပ်ပေးပါမည်။ သက်မှတ်ကာလပြည့်လျှင် လက်ခံရရှိငွေများအား နွားထိုးကြီးမြို့နေထိုင်သူ အဖွဲ့ခေါင်းဆောင်နှင့်ငွေထိန်းထံ ပေးပိုလွှဲအပ်စုစည်းပြီး။ တစ်ဦးချင်းလှူဒါန်းမှုဖြင့် စာရင်းချုပ်တင်ပြပေးပါမည်။ လှူဒါန်းကုန်ကျငွေ၊ သုံးစွဲငွေနှင့် မတည်ငွေ၊ လက်ကျန်ငွေများအား (၃)လတစ်ကြိမ်း စာရင်းပြုစုထုတ်ပြန်သွားပါမည်။ အခြားသောထူးခြားအခြေအနေများအားလည်း အလျှဉ်းသင့်သလို စာရင်းဖော်ပြခြင်း၊ သတင်းဖော်ပြခြင်းများပြုလုပ်သွားမည်။

မှတ်ချက်။မည်သူမဆိုအကြံပြုနိုင်သည်။ လှူဒါန်းနိုင်သည်။ ကန့်ကွက်နိုင်သည်။ ခေါင်းဆောင်ရွေးချယ်ခံနိုင်သည်။ စိတ်ဆန္ဒရှိသူကိုသာလျှင် လှူဒါန်းမှုတွင်ပါဝင်စေလိုပါသည်..